Search box

Sunday, February 19, 2017

Saturday, February 11, 2017

ပိဋကတ်

အရှင်ဘုရားရဲ့ စီလီကွန်အရေးတော်ပုံကတော်တော်ကျယ်ပြန့် လာလို့ - (လူတစ်ချို့ ကလဲထင်ရာမြင်ရာ စွပ်ဆွဲပြောဆိုနေလို့ တပည့် တော် ဒီ မန့် ကလူတွေဖတ်လို့ အဆင်ပြေအောင်ဝိနယ ပိဋကတ် မြန်မာပြန်လေး လင့် ခ် လာပေးသွားပါတယ်ဘုရား ၁) https://drive.google.com/file/d/0BxlHzImGtiFvdWI2ZF9Od2xqdjQ/view (
ဝိနည်းပိဋက - ပါရာဇိကဏ် ပါဠိတော် မြန်မာပြန်) ၂) https://drive.google.com/file/d/0BxlHzImGtiFvTFRSd0tDTk1RT3c/view (၀ိနည်းပိဋက - ပါစိတ် ပါဠိတော် - ဘိက္ခုပါစိတ်) ၃) https://drive.google.com/file/d/0BxlHzImGtiFvMVJqUHRwLVUtRlE/view (၀ိနည်းပိဋက - ပါစိတ် ပါဠိတော် - ဘိက္ခုနီဝိဘင်း) ၄) https://drive.google.com/file/d/0BxlHzImGtiFvb2x4U1FJa1U4MEk/view (၀ိနည်းပိဋက - မဟာဝဂ် ပါဠိတော် မြန်မာပြန်) ၅) https://drive.google.com/file/d/0BxlHzImGtiFvemUwT1lHSkdZcG8/view (၀ိနည်းပိဋက - စူဠ၀ဂ် ပါဠိတော် မြန်မာပြန်) ၆) https://drive.google.com/file/d/0BxlHzImGtiFvTWVRaE1xUXgxakU/view (၀ိနည်းပိဋက - ပရိဝါ ပါဠိတော် မြန်မာပြန်)

သတိဖြင့်​ ​ရှောင်​ရှားနိုင်​ကြပါ​စေ။

ကြောက်ခမန်းလိလိ ကြာလေ ပိုဆိုး
***************************
တောလက်ကျေးးရွာအထိ ပျံနှံနေပါပြီ။
****************************
   ယခုပိုစ့် တင်ပေးထားပါသော မကွေးတိုင်း အထက်မင်းလှမြို့မှ ဒေါက်တာ ရဲထွန်းဇော်အား ပြည်သူလူထုကိုယ်စား ကျေးဇူး အထူး
တင်ရှိပါကြောင်း။
"သုံးရောင်ခြယ် အသံတိတ် လူသတ်သမား"
.......................................................

အနီရောင် ၊ လိမ္မော်ရောင် ၊ အဖြူရောင်
လှပတဲ့ ဆေးလုံးလေးတွေ။
ကြွပ်ကြွပ်အိတ်သေးသေးလေးတွေထဲမှာ တမျိုးကြည့်ကောင်းနေသည်။ ထို သုံးရောင်စပ်ဆေးအိတ်ကလေးများစွာကို သံချိတ်များတွင် ချိတ်ကာ ရောင်ချကြသည့် ဆေးဆိုင်များစွာ မိမိတို့တိုင်းပြည်တွင်ရှိနေသည်။ အထူးသဖြင့် နယ်မြို့ဆေးဆိုင်များ၌
တွင်တွင်ကျယ်ကျယ် ရောင်းချနေကြသည်။

သုံးမျိုးစပ်အားဆေးဟု မေးဝယ်လျှင် ရသည်။
ဆေးသုံးလုံးပါတစ်ထုပ်မှ တစ်ရာကျပ်ဖြစ်သည်။
သုံးထုပ်ဝယ်လျှင် နှစ်ရာခန့်ဖြင့်ရနိုင်သည်။
ဈေးသက်သာသည်။ ထူးခြားချက်မှာ
ထိုဆေးတစ်ထုပ်သောက်ပြီးလျှင် အရမ်းစားကောင်း ၊ အိပ်ကောင်း ၊ အလုပ်လုပ်ရင် အမောခံနိုင်ကြသည်။ ထို့ကြောင့် တောသူတောင်သားများက ကြိုက်သည်။ ထို့ကြောင့် ဝယ်လိုအားအလိုက် ထို သုံးမျိုးစပ်ဆေးရောင်းချသောဈေးကွက်ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။

ရိုးသားသော တောသူတောင်သားများမှာ ထို သုံးမျိုးစပ်ဆေးကို အားဆေးဟုယူဆကာ နေတိုင်းသောက်ကြသည်။ကုန်ကျစရိတ်လည်း သက်သာသည်ကိုး။
တစ်လစာမှ သုံးထောင်ခန့်သာကျသည်လေ။
ထို့ကြောင့် နှစ်နဲ့ချီသာက်ကြသည်။ ကြာလာတော့ ထိုဆေးများအား စွဲလာကြသည်။ မသောက်ရရင် မနေနိုင်တော့ပါ။ ထိုဆေးဖြတ်လိုက်သည်နှင့် မစားချင် ၊မသောက်ချင်၊အားအင်ချိနဲ့ကာ ပုံလဲတော့သည်။
ထိုစပ်ဆေးစွဲနေသည့် လူနာအများစု ဆေးခန်းလာပြသောအခါ တွေ့ရသော လက္ခဏာများအရ steroid dependant ဖြစ်နေသည်ကိုတွေ့ရှိရသည်။

ထို့ကြောင့် ထိုစပ်ဆေးများ တွဲစပ်ပုံကို မိတ်ဆွေ
ဆေးဆိုင်ပိုင်ရှင်များအား မေးကြည့်မိသည်။
အနီရောင်ဆေးမှာ သာမန် တရုတ်ထုတ် multivita အားဆေးသာဖြစ်သည်။ အဖြူရောင်ဆေးမှာ အစာစားချင်စိတ်ကို နှိုးဆွပေးသည့် တရုတ်လုပ် cyproheptadine ဆေးဖြစ်သည်။ ပြသနာမှာ လိမ္မော်ရောင် Dexamethasone ဟုခေါ်သော corticosteroid အုပ်စုဝင်ဆေးဖြစ်သည်။

Corticosteroid ဓာတ်များကို ကျောက်ကပ်အထက်ဘက်နားရှိ အဒရီနယ်ဂလင်းမှ ထုတ်သည်။ ထိုဓာတ်သည် ခန္ဓာကိုယ်လှုပ်ရှားသွားလာမှုအတွက် အရေးပါသော ဓာတ်တစ်မျိုးဖြစ်သည်။ လူ့ခန္ဓာကိုယ်သည် အလွယ်ရလျှင် မကြိုးစားချင် ၊ ပျင်းတတ်သော သဘောရှိသည်။

ထိုဓာတ်ပါသောဆေးကို အလွဲသုံးကာ နှစ်ရှည်သောက်ပါက ခန္ဓာကိုယ်ပြင်ပမှအလွယ်တကူရနေသောကြောင့် မိမိခန္ဓာကိုယ်မှ ထိုဓာတ်ကို ထုတ်လုပ်မှု နည်းသွားတော့သည်။ လွဲသောက်နေသော steroid ဆေးအပေါ်သာ မှီခိုသွားတော့သည်။ ရေရှည်သောက်သောလူနာများတွင် ဘေးထွက်ဆိုးကျိုးများစွာ ပေါ်လာတော့သည်။

သုံးရောင်ခြယ်ဆေး ရေရှည်သောက်ခြင်း၏ဘေးထွက်ဆိုးကျိုးများ များလှပါသည်။
မျက်စိကွယ်တတ်သည်။
အစာအိမ်အနာရှိသူဆိုလျှင် အစာအိမ်ပေါက်တတ်သည်။
ဆီးချိုရောဂါကို ဖြစ်စေ/ပိုဆိုးစေနိုင်သည်။
ကိုယ်ခံအားကျကာ ရောဂါဝင်လွယ်သည်။
မျက်နှာဖောင်းကာ ဖောတတ်သည်။
အရိုးပါး /ပွကာ အရိုးကျိုးလွယ်သည်။
အနာ အကျက်နှေးစေသည်။
အဆိုးဆုံးမှာ ကျောက်ကပ်မှ ထိုဓာတ်ထုတ်လုပ်မှု လျော့ကျသွားသဖြင့် အလွယ်တကူ ဖြတ်မရ ဖြစ်တတ်သည်။ လူနာအား နားလည်အောင်ရှင်းပြပြီး တဖြည်းဖြည်းချင်း မျှဉ်းကာ ဖြတ်ရလေ့ရှိသည်။
ဆေးဖြတ်ကာလအတွင်း အချို့လူနာမှာ ထိုဒဏ်ကို မခံစားနိုင်ဖြစ်ပြီး သုံးရောင်ခြယ်ဆေးပြန်ဝယ်သောက်ကာ ဆေးစွဲသံသရာပြန်လည်တတ်ပြန်သည်။

မြန်မာနိုင်ငံတွင်
သုံးရောင်ခြယ်စပ်ဆေးကြောင့် ဒုက္ခရောက်သူ ၊ အသက်အန္တရာယ်ထိခိုက်သူ များနေပြီဖြစ်ပါသည်။
လူအတော်များများ သတိမမူမိဘဲ အသံတိတ် အသတ်ခံနေရသည်။

အဆိုပါ စပ်ဆေးတွဲရောင်းချသူ ဆေးဆိုင်ပိုင်ရှင်များကို အပြစ်တင်ရမည်လား ၊ အဆိုပါစပ်ဆေးဝယ်သောက်နေသော အသိဥာဏ်နည်းသူပြည်သူများကိုပဲ
အပြစ်တင်ရမည်လား ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးဝါးဆိုင်ရာ ထိန်းချုပ်မှု ပေါ်လစီကိုသာ အပြစ်တင်ရမည်လား မသိတော့ပါ။

သုံးရောင်ခြယ် အသံတိတ်လူသတ်သမားကတော့
အခုအချိန်ထိ ခေါင်းထောင်ဆဲပင်............

ပြည်သူအားလုံး ကျန်းမာရေးအသိ၊သတိရှိကြပါစေ........

                               ဆန္ဒမွန်ဖြင့်

                               ဒေါက်တာ ရဲထွန်းဇော်
                               အထက်မင်းလှမြို့

Myanmar Update News Agency-မြန်မာ့သတင်းထူးသတင်းဦးများ

Note 4 SM N916 LTEA(S,K,L)

https://drive.google.com/folderview?id=0B_-3Jdraqpi1NUVBX3RnZHVaN1E

ပုံ​လေးကြည့်​ပြီး စမ်းကြည့်​ကြ​ပေါ့ဗျာ အမှားပါလည်း ​ထောက်​ပြ​ပေးကြ​ပေါ့ဗျာ

မိမိဖုန်​ Noti မှာ
Touch sensitivity & side key pannel
ပါလားကြည့်​​ပေါ့ ပါခဲ့လျှင်​ ဖွင့်​​ပေးထား​ပေါ့
ပထမ. Touch sen; က​တော့  ​အေးတဲ့ နိုင်​ငံ ​တွေအတွက်​ ထုတ်​ထားတာတဲ့ function ​လေး​ပေါ့
Glove (လက်​အိပ်​) တထပ်​က​တော့ ​ကောင်း​ကောင်းအသုံးပြုလို့ ရ​အောင်​ထည့်​​ပေးထားတဲ့ function ​ပေါ့ အလွန်​​အေးလို့ လက်​အိပ်​နဲ့ ဖုန်းသုံးရ​အောင်​​ပေါ့
Side key က​တော့ ဖုန်းရဲ့ back key, recent & home key မနာ ​အောင်​ထည့်​​ပေးထားတဲ့ function mode ​ပေါ့..

နှုတ်​ဆက်​စကား

လာ​ရောက်​သူတိုင်း စိတ်​ချမ်းသာကြပါ​စေ။